ဗုဒ္ဓဟူး ၃ ဖေဖော်ဝါရီ 2010
မြန်မာနိုင်ငံတွင်း တိုးတက်ပြန့်ပွားလာနေသည့် HIV/AIDS ရောဂါအတွက် ဆေးဝါးထောက်ပံ့မှုများစွာ လိုအပ်နေကြောင်း ကူညီစောင့်ရှောက်နေသူတဦးကပြောသည်။ HIV ရောဂါပိုး ကူးစက်ပိုမိုများပြားလာပြီး ကုသမည့်ဆေးဝါးနှင့် ကူညီစောင့်ရှောက်မှုများ နည်းပါးနေသည်ဟု အဆိုပါရောဂါနှင့်ပတ်သက်၍ ကူညီနေသူ မဖြူဖြူသင်းကပြောသည်။ "အခုလောလောဆယ် ရန်ကုန်မှာ လာနေကြတယ်။ နောက်သာမန်ဆေးဝါးကုသပြီး ပြန်သွားတဲ့ လူတွေကတော့ ထောင်နဲ့ချီတယ်ပေါ့နော်။ ၂၀၀၂ ကနေစပြီးတော့ ပေါ့နော်။ အခုလက်ရှိကတော့ ကျမတို့မှာ အရင်တုန်းကဆိုရင် အိမ်တအိမ်ထဲမှာ လူနာတွေစုထားတာပေါ့နော်။ အများဆုံးရှိရင် အယောက် ၂၀ နဲ့ အစိတ်ကြားမှာ ရှိတယ်။ အားလုံးကတော့ သွားလိုက်လာလိုက်နဲ့ပေါ့နော် အဲလိုပုံစံ မျိုးနဲ့ ၂၀၊ အစိတ်လောက်ဘဲထားတယ်။ အခုလအတွင်းမှာ လာနေတဲ့ လူတွေပေါ့နော် ဆေးဝါးရရှိဖို့အတွက်ရော ဆေးဝါးကုသခံဖို့ရော အဲဒီကတည်းကလည်း ၉၀ နဲ့ ၁၀၀ နီးပါးကို ရှိလာတာပေါ့နော်" ဟု ပြောသည်။ ယခုရောဂါနှင့်ပတ်သက်၍ ဆေးစစ်မှုနှင့် နောက်ဆက်တွဲကုသမှုများကို ဆက်လက်လုပ်ဆောင်ရန် ပိုမိုခက်ခဲလာနေပြီဖြစ်ကြောင်း ဆက်လက်ပြောပြသွားသည်။ "NGO တွေပေါ့။ NGO တွေအနေနဲ့က သူတို့က ရပ်မယ်ဆိုရင် လုံးဝရပ်ပစ်လိုက်တယ်။ သူတို့ ဆေးဝါးကုသမှုတို့ ANC မပေးနိုင်တော့ဘူးဆိုရင် ရပ်ပစ်လိုက်တာပေါ့နော်။ အဲဒါကျတော့ ဒီမှာ ၁၂ နာရီက ဆေးဝါးကုသမှု ခံယူထားချင်တယ်။ တချို့တွေကလည်း သိတဲ့ခံစားချက်နဲ့ ဒီရောက်တဲ့အခါ ကျရင် သွေးလည်းမစစ်ပေးဘူး။ အင်အားပြည့် ဆေးတွေလည်းမရှိတဲ့ အခါကျတော့ လူနာတွေ အခက်အခဲဖြစ်တာ" ဟု သူမက ဆက်ပြောသည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်း အဆိုပါရောဂါဖြစ်ပွာမှုနှုန်း များပြားလာကြောင်း ကျန်းမာရေးဌာန ၀န်ထမ်းတဦးက "အဓိကကတော့ ပညာပေးရေး အစီအစဉ်နဲ့ စောင့်ရှောက်မှု နည်းနေတာက အဓိကပါ၊ ဆေးဆိုတာကလည်း ငွေရှိမှရတဲ့သဘော ဖြစ်လာနေတော့၊ ရှေ့ရေးကတော့ မလွယ်ဘူးလို့ပဲပြောချင်တယ်။" (UNICEF) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင်း (HIV/AIDS) ကူးစက်မှုဖြစ်ပွားနေသူပေါင်း ၃ သန်းရှိနေကြောင်း ထုတ်ပြန်ထားသည်။
အွန်လိုင်းတွင် ကြည့်ပါ : HIV ရောဂါအတွက် အရေးပေါ်အကူအညီလိုအပ်နေ