Monday 16 November 2009, by
အမေရိကန်ပြည်ထောင်စုအနေနှင့် HIV ရောဂါပိုးရှိသူများအား ပြည်၀င်ခွင့်မပြုခြင်းကို ၁၉၈၇ ခုနှစ် မှ စတင်၍ အက်ဥပဒေ ပြြာန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကမ်ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါ ရုတ်သိမ်းမှုအပေါ် ကြိုဆိုလိုက်ပြီး သမတ အိုဘားမား ဦးဆောင်သော အစိုးရအဖွဲ့အနေနှင့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါ၀င်ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။
အမေရိကန်ပြည်ထောင်စု အစိုးရ အဆက်ဆက်အနေနှင့် နိုင်ငံတွင်း၌ AIDS ရောဂါ ကူးစက် ပျံနှံမည်စိုး၍ HIV ရောဂါပိုးရှိသူများကို ပြည်၀င်ခွင့် ပိတ်ပင်ထားမှုကို လက်ရှိအမေရိကန်သမတ ဘားရတ်အိုဘားများက ပြန်လည်ရုတ်သိမ်းစေလိုက်ပြီ ဖြစ်သည်။
မိမိအနေနှင့် ၂၂ နှစ်သက်တမ်းရှိ အဆိုပါ ပိတ်ပင်မှုကို ရုတ်သိမ်းလိုက်ခြင်းမှာ ကမ်ဘာ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းစဉျ၌ အမေရိကန်ပြည်ထောင်စုက ဦးဆောင်က႑မှ ပါ၀င်ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ ယုံကြည်မှုကို တိုးမြှင့်ရရှိစေလို၍ ဖြစ်ကြောင်း၊ လာမည့်ရက်ပေါင်း ၆၀ အတွင်း အမေရိကန်ပြည်ထောင်စုသည် HIV ရောဂါပိုးရှိသူများအား ပြည်၀င်ခွင့် မပေးသည့် ၁၀ နိုင်ငံကျော်တွင် ပါ၀င်တော့မည်မဟုတ်ကြောင်း၊ ယခု ရုတ်သိမ်းမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားများ အနေဖြင့်နိုင်ငံသားဖြစ်ခွင့် လှျောက်ထားရာတွင် AIDS ရောဂါမရှိကြောင်း တင်ပြရန် လိုအပ်တော့မည် မဟုတ်ကြောင်း သမတ အိုဘားမားက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုအနေနှင့် HIV ရောဂါပိုးရှိသူများအား ပြည်၀င်ခွင့်မပြုခြင်းကို ၁၉၈၇ ခုနှစ် မှ စတင်၍ အက်ဥပဒေ ပြြာန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကမ်ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါ ရုတ်သိမ်းမှုအပေါ် ကြိုဆိုလိုက်ပြီး သမတ အိုဘားမား ဦးဆောင်သော အစိုးရအဖွဲ့အနေနှင့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါ၀င်ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။
အဆိုပါ ရုပ်သိမ်းလိုက်မှု လုပ်ခြင်းအပြင် မိန်းမလျာ၊ ယောကျာ်းလျာများကိုလည်း သွေးလှူဒါန်းခွင့် ပြုလိုက်သည့်အတွက် အမေရိကန်သမတ အိုဘားမား၏ လူလူချင်း တန်းတူ ဆက်ဆံရေးနှင့် စောင့်ရှောက်ရေးမူ၀ါဒမှာ ပိုမို အသက်၀င်လာကြောင်း အမေရိကန်မီဒီယာများက သုံးသပ်ရေးသားကြသည်။
(The Voice Weekly Eleven Journal, Vol-6/N0-1)