"The press is the enemy" Richard Nixon
HIV/AIDS Health Forum
Home page > ဆောင်းပါး > HIV နှင့် အင်ဆူလင်စွမ်းအင် ဆန့်ကျင်ခြင်း[Insulin Resistant]

HIV နှင့် အင်ဆူလင်စွမ်းအင် ဆန့်ကျင်ခြင်း[Insulin Resistant]

Monday 16 November 2009, by Zinyaw

ART ဆေးကုထုံးမစခင် အခြေခံအနေအထား (Baselin) ကိုသိရအောင် သွေးစစ်ဆေးမှုမှာ FBS လို့ခေါ်တဲ့ (Fasting Blood Sugar)ကို စစ်ဆေးထားဖို့လိုအပ်ပါတယ်။ ART ဆေးကုထုံးမစမီနဲ့ စပြီး သုံးလတစ်ခါ၊ ခြောက်လတစ်ခါ FBS ကို စစ်ဆေးဖို့ လိုအပ် ပါတယ်။


အင်ဆူလင်အစွမ်းကြောင့် ကိုယ်ရှိကြွက်သား မာဆယ်လ်(Muscle)များမှ ဂလူးကို့စ် အချိုဓာတ်ကို စုပ်ယူအသုံးချမှု မြင့်မားအောင် စွမ်းဆောင်ပေးတယ်။ နောက်တစ်ခုက အသည်းမှ Hepatic Gluconeogenesis လုပ်ငန်းဖြစ်တဲ့ ဂလူးကို့စ်အချိုဓာတ်ကို အသုံးချမှုကိုစွမ်းဆောင် စေနိုင်တယ်။

အင်ဆူလင်ဆန့်ကျင်မှု (Insulin esistance) ဖြစ်တဲ့အခါမှာ ခနၶာကိုယ်ကြွက်သား မာဆယ်လ်များမှ ဂလူးကို့စ်သုံးစွဲနိုင်စွမ်းအား မြင့်မားစေမှုကို ထိထိရောက်ရောက် မကူညီနိုင်တော့ပါ။ အသည်းမှ ဂလူးကို့စ် နီရိုဂျနီးစစ်(Gluconeogenesis) လုပ်ငန်းလည်း တားဆီးခံရတော့တာပါပဲ။

အဲဒီအခါမှာ သွေးတွင်းသကြားဓာတ် မြင့်မားမှုကြောင့် ဆီးချိုသွေးချို ေဝဒနာရှင်ကဲ့သို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပရိုတီအေ့စ်အင်ဇိုင်း ကိုဆန့်ကျင် တားဆီးသောဆေးဝါးများ (Protease Inhibitor) အုပ်စု၀င်ဆေးများနဲ့ အများကြီး သက်ဆိုင်ကြောင်း တွေ့ရပါတယ်။

ARVဆေးများရဲ့ အာနိသင်ဘာကြောင့် ထက်မြက်ရသလဲဆိုတာ သိရအောင် သူတို့ဘယ်လို လုပ်ဆောင်ကြသလဲဆိုတာ ပထမဦးဆုံး နားလည် သဘောပေါက်အောင် ရှင်းပြပါ့မယ်။ ARVဆေးများဟာ HIVပိုးရဲ့ မည်သည့်နေရာကို မည်သို့တိုက်ခိုက်ကြသလဲဆိုတာ သိရအောင် HIVရဲ့ဘ၀သံသရာကို နားလည်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ HIV Life Cycle ကိုသိဖို့ လိုအပ်ပါတယ်။

HIVပိုးဟာ RNAဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန်ဓာကိုယ်ထဲမှာ တစ်နည်းအားဖြင့် CD4ဆဲလ်များ အတွင်းမှာ DNAဗိုင်းရပ်စ်အဖြစ် ပြောင်းလဲပြီးမှ မျိုးပွားဖို့လုပ်ကြပါတယ်။ RNA ကနေ DNAပြောင်းဖို့ လိုအပ်တဲ့အင်ဇိုင်းကို Reverse Transcriptaseလို့ ခေါ်ပါတယ်။ အဲဒီ Reverse Transcriptase အင်ဇိုင်းကို နျူကလီယိုဆိုက်နှင့် နျူကလီယိုဆိုက် မဟုတ်သော် အင်ဆိုင်းနှင့် နျူကလီယိုတိုက်များ ထပ်ပြီးခွဲထားနိုင်ပါတယ်။ ဥပမာ NRTI နှင့်NNRTI နှင့် NEUCLEOTIDE အုပ်စုများဖြစ်ပါတယ်။

နောက်ဆေး၀ါးအုပ်စုတစ်မျိုးက ပရိုတီအေ့အင်ဇိုင်းကို တားဆီးပါတယ်။ ယင်းကို ပရိုတီအေ့စ် အင်ဟစ်ဘစ်တာ (Protease Inhibitor) လို့ခေါ်ပါတယ်။ ပရိုတီအေ့စ်အင်ဇိုင်းကို တားဆီးတဲ့ Protease Inhibitor ဆေးများဟာ ပိုမို အစွမ်းထက်ကြပါတယ်။ ပရိုတီအေ့စ် အင်ဇိုင်းဟာလည်း HIV ရဲ့မျိုးပွားရေး ဘ၀သံသရာမှာ အရေးပါတဲ့ အင်ဇိုင်းဖြစ်ပါတယ်။ အဲဒီအင်ဇိုင်းကို အမျိုးမျိုး တားဆီးလိုက်တဲ့အခါ ဆက်လက်ပြီး ပိုးကောင်ရေ ပွားများမှုကို တဖြည်းဖြည်းလျော့နည်း သွားစေတယ်။

နောက်ဆေး၀ါးတစ်ခုက အင်တီဂရေ့စ်အင်ဇိုင်း၊ အင်ဟစ်ဘစ်တာ (Integrase Inhibitor) အုပ်စုဆေး၀ါးများ ဖြစ်ပါတယ်။ အဲဒီအင်တီဂရေ့စ် အင်ဇိုင်းကို တားဆီးတဲ့ဆေးကို Integrase Inhibitor လို့ခေါ်ပါတယ်။ ARV ဆေး၀ါးသစ်များဖြစ်ပါတယ်။

HIV ပိုးကို CD4 ဆဲလ်အတွင်း ၀င်ရောက်ပြီး၊ မျိုးပွားမှုအင်ဇိုင်းများကို တားဆီးကြရာ ကနေ ဆဲလ်ထဲမ၀င်ခင် ကတည်းက တားဆီးဖို့ကြိုးစား ခဲ့ကြပါတယ်။ CD4 ဆဲလ်အတွင်း မ၀င်ရောက်မီ HIV ပိုးရဲ့ တွယ်ကပ်ချိတ်ဆက် ရောနှော၀င်ရောက်ဖို့ တားဆီးတဲ့ ဆေး၀ါးအုပ်စုများကိုတော့ (Fusion Inhibitor) အုပ်စုဆေး၀ါးများလို့ ခေါ်ပါတယ်။

နောက်အုပ်စုတစ်ခုက HIV ပိုးဟာ CD4 ဆဲလ်များရှိတဲ့ လက်ခံချိတ်ဆက်တဲ့ နေရာ Chemokinereceotors Antagonistများ တွယ်ကပ်ချိတ်ဆက်မယ့် နေရာတွေကို ဖျက်ဆီး ဖယ်ရှားခြင်းဖြင့် HIV ပိုးကို ဆဲလ်အတွင်း ၀င်ရောက်ခြင်းကို တားဆီးခြင်း တို့ပဲဖြစ်ပါတယ်။ CDCR4 နှင့် CCR5 Antagonist များဟာ Chemokinereceptors များဖြစ်ပါတယ်။ ARV ဆေး၀ါးသစ်များ ကြံဆ ထုတ်လုပ်ကြရာမှာ HIV ပိုးရဲ့ ဘ၀သံသရာမှာ ဘယ်နေရာတွေကို အဓိကထား တိုက်ခိုက်မှာလဲ၊ Target ပစ်မှတ်ရွေးချယ်ပြီး ဆေးအုပ်စုမှားဖြင့် ပိုးများမှုကို နည်းမျိုးစုံနဲ့ ပေါင်းစပ်ဟန့်တား ကြရပါတယ်။ ARV ဆေးသစ်တွေ ပေါင်းစည်းတိုက်ခိုက်ဖို့ အတွက် ART ဆိုတဲ့ ကုထုံးနည်းဗျူဟာသစ်တွေ ထွက်ပေါ်လာပါတယ်။

ART ဆေးကုထုံးမစခင် အခြေခံအနေအထား (Baselin) ကိုသိရအောင် သွေးစစ်ဆေးမှုမှာ FBS လို့ခေါ်တဲ့ (Fasting Blood Sugar)ကို စစ်ဆေးထားဖို့လိုအပ်ပါတယ်။ ART ဆေးကုထုံးမစမီနဲ့ စပြီး သုံးလတစ်ခါ၊ ခြောက်လတစ်ခါ FBS ကို စစ်ဆေးဖို့ လိုအပ် ပါတယ်။

ဆီးချို၊ သွေးချို (Diabetes) ရောဂါရှိသူရဲ့ FBS (Fasting Blood Sugar) ပမာဏဟာ 126 mg/dl ထက်ကျော်လွန်ပါတယ်။ Diabetes ဆီးချို၊ သွေးချို ရောဂါရှိရန်နီးစပ်သူ၊ ဥပမာ ဆွေမျိုးသားချင်းထဲမှာ ဆီးချို သွေးချို ရောဂါရှင်တွေအတွက် ART ကုထုံးစတော့မယ်ဆိုရင် ပရိုတီအေ့စ် အင်င်စ်ဟစ်ဘစ်တာ အုပ်စု၀င် ဆေးများ မပါ၀င်တဲ့ ART ကုထုံး တစ်နည်း အားဖြင့် PI Sparing Regime ပီအိုင်အေ အာဗွီ ဆေးများ မပါတဲ့ ART ကုထုံးကို အသုံးပြုဖို့ လိုပါမယ်။

ဆက်လက်စစ်ဆေးဖို့ ဆီးချိုသွေးချို FBS ဆက်တက်နေမယ်ဆိုရင် စံသတ်မှတ် ထားသော လမ်းညှန်မှု အတိုင်း စတန်းဒတ်ဂိုက်လိုင်း Standard Guidelines အတိုင်း ဆက်လက် ကုသသွားရမှာ ဖြစ်ပါတယ်။ ကုသမှုအပိုင်းမှာ အစားအသောက်အနေအထိုင်၊ ကိုယ်လက်လှုပ်ရှားအားကစား (Diet&Exercise) ကစပြီး အခြေခံရပါတယ်။ ဆေးများ အသုံးပြုမယ်ဆိုရင်လည်း (Metformin) သို့မဟုတ် Thiazolin Dine Dione ကဲ့သို့ ဆေးများကို မကြာခဏ စဉျးစားလေ့ရှိပါတယ်။

ART သာမက (Metformin) မက်ဖော်မင် ဆေးများကြောင့်လည်း လက်တစ်အက်စီနိုးဆစ် ဖြစ်နိုင်ပါသေးတယ်။ သိုင်ရာဇိုလီဒင်းနိုင်အုံး ကြောင့်လည်း အသည်းပျက်စီးခြင်း၊ အသည်းအင်ဇိုင်းများ အန်တရာယ် ရှိလောက်အောင် ပမာဏ များပြားလာခြင်း ဖြစ်တတ်ပါတယ်။ အထူးသတိထားဖို့ လိုအပ် ပါတယ်။

ဒေါက်တာ မျိုးသန့် (အရေပြားနှင့် ခုခံအားကျ ကာလသားရောဂါအထူးကု)

(Family Health Journal No.237, 11 November 2009)

SPIP | template | | Site Map | Follow-up of the site's activity RSS 2.0